တီဟီရန် ဇူလိုင် ၂၃
အီရန်နိုင်ငံ အရှေ့တောင်ပိုင်း စစ္စတန်နှင့် အာလူချီစတိန်ပြည်နယ်တို့၌ ဇူလိုင် ၁၈ ရက်ကတည်းက သဲမုန်တိုင်း တိုက်ခတ်မှုကြောင့် လူပေါင်း ၁၂၈၆ဦးမှာ ဆေးကုသမှုခံယူနေရကြောင်း တရားဝင်သတင်းအေဂျင်စီ အိုင်အာအင်န်အေက ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန် ထားသည်။ လူနာအများစုမှာအသက်ရှူလမ်းကြောင်းဆိုင်ရာ နှလုံးနှင့်မျက်လုံးများ ထိခိုက်ခံစားခဲ့ရပြီး၎င်းတို့ထဲမှ ၇၅ ဦးမှာ ဆေးရုံ တက်ရောက်ရကြောင်း ပြည်နယ် ဘေးအန္တရာယ် လျော့ပါးရေးနှင့် စီမံခန့်ခွဲမှု အဖွဲ့အစည်း၏ အကြီးအကဲဖြစ်သူ မာဂျစ်မိုဟီဘီ ၏ ပြောကြားချက်ကို ကိုးကားပြီး အိုင်အာအင်န်အေက ဖော်ပြ ထားသည်။
အီရန်နိုင်ငံ၌ ဇူလိုင် ၂ ရက်မှစကာ သဲမုန်တိုင်းများ တိုက်ခတ်ခဲ့မှုကြောင့် ပြည်နယ် အတွင်း လူပေါင်း ၃၀၀၀ ကျော် ဆေးကုသမှုခံယူခဲ့ရပြီး ၎င်းတို့ ထဲမှ ၂၉၅ ဦး ထက်မနည်း ဆေးရုံ တက်ရောက် နေရကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြထားသည်။
လွန်ခဲ့သည့် ရက် ၂၀ အတွင်း သဲမုန်တိုင်းတိုက်ခတ်မှုအပြင်းထန်ဆုံးနေရာများထဲတွင်ဇဘိုလ်၊ ဇေဟတ်၊ ဟာမွန်း၊ဟိမန်နှင့် နင်ရုဇ်တို့ ပါဝင်ကြောင်းမိုဟီဘီက ပြောသည်။ ဇူလိုင် ၂၁ရက်က ဖာဘိုလ်မြို့၌ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်၁၂၆ ကီလိုမီတာ အထိရှိကြောင်း၊လာမည့် ရက် အနည်းငယ် အတွင်း လေပြင်းတိုက်ခတ်မည်ဟု ခန့်မှန်းထားသောကြောင့် သဲမုန်တိုင်းလည်း ပိုမို ဝင်ရောက် နိုင်ကြောင်းပြည်နယ်မိုးလေဝသ အဖွဲ့အစည်း၏ ညွှန်ကြားရေး မှူးချုပ်ဖြစ်သူ မိုဆန်ဟိုင်ဒါရီက ပြောကြားသည်။ အဆိုပါ ပြည်နယ်သည် မေလနှောင်းပိုင်းမှ စက်တင် ဘာလနှောင်းပိုင်းအထိ နွေရာသီ လေပြင်းများ တိုက်ခတ်လေ့ရှိ ကြောင်း သိရသည်။
ဆင်ဟွာ