တီဟီရန် ၁ ဇန်နဝါရီ

 

အီရတ်တွင် အိုင်အက်စ် စစ်သွေးကြွများအား နှိမ်နင်းပြီးနောက် အီရန်စစ်ဘက်ဆိုင်ရာ အကြံပေးများအားလုံး အီရတ်နိုင်ငံမှ ထွက်ခွာလာပြီဖြစ်ကြောင်း အီရတ်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး အီရာ့ဂ်ျမာ့ဂျက်ဒီက ပြောကြားခဲ့သည်။

 

အိုင်အက်စ်စစ်သွေးကြွများ အဆုံးသတ်သွားပြီ ဖြစ်သော်လည်း အမေရိကန် တပ်ဖွဲ့များ အီရတ်နိုင်ငံတွင် ဆက်လက်ရှိနေပြီး စစ်ဘက်ဆိုင်ရာ ဌာနချုပ်အသစ် တစ်ခုကို ဆောက်လုပ်နေခြင်းနှင့် ဒေသတွင်းတွင်လည်း အမေရိကန် စစ်ဘက်ဆိုင်ရာများ တစ်ပိုင်းတစ်စ ကျန်ရှိနေခြင်းသည် တရားမျှတမှု မရှိကြောင်းနှင့် ဒေသအတွင်း နိုင်ငံများ အနေဖြင့်လည်း ကိုယ်ပိုင်ကာကွယ်ရန် လုံလောက်သော ဒေသခံတပ်ဖွဲ့များရှိကြောင်း အီရန်သံအမတ်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

 

ထို့အပြင် အီရန်သံအမတ်ကြီးက ဒေသတွင်း ကျင့်သုံးနေသော အမေရိကန်တို့၏ မဟာဗျူဟာမြောက် ဝါဒသည် ငြိမ်းချမ်းရေး ရလဒ်များကို တားဆီးနေကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်ကလည်း အီရတ်နိုင်ငံသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သွားရောက် လည်ပတ်ခဲ့ကြောင်းနှင့် အဆိုပါ ခရီးစဉ်သည် စစ်မက်ဖြစ်ပွားရာဒေသရှိ အမေရိကန် တပ်ဖွဲ့များထံ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

ဆင်ဟွာ