အီရန်သမ္မတ ဟာဆန်ရိုဟီနီက အီရန်နိုင်ငံသည် အမေရိကန်နိုင်ငံမှ ဖိအားပေးခြင်းကို လက်ခံမည်မဟုတ်ကြောင်း အလေးထားပြောကြားခဲ့သည်။

အီရန်နိုင်ငံသို့ ခြိမ်းခြောက်သည့် အင်အားကြီးနိုင်ငံများသည် နောင်တရမည်ဖြစ်ကြောင်း အနိုင်ကျင့်သည့် အင်အားကြီးနိုင်ငံများသို့ ဦးညွှတ်မည်မဟုတ်ကြောင်း ရိုဟာနီက အင်္ဂါနေ့က ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အီရန်နိုင်ငံအပေါ် ဖိအားတိုးမြင့်ပေးရန်အတွက် အရှေ့အလယ်ပိုင်းဒေသသို့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောတစ်စင်း အမေရိကန်နိုင်ငံက စေလွှတ်ခဲ့သည်။

 

mdn

 

အမေရိကန်သံရုံးရှိရာ အီရန်နိုင်ငံမြို့တော် ဘဂ္ဂဒက်ရှိ အစိမ်းရောင်ဇုန်အတွင်းသို့ တနင်္ဂနွေနေ့က ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့သည်။

အဆိုပါ အဖြစ်အပျက်အတွက် အီရန်နိုင်ငံနှင့်ပတ်သက်မှုရှိသည့်  ပြည်သူစစ်အဖွဲ့အား အမေရိကနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်သည်။

အမေရိကန်နိုင်ငံ နှင့် အီရန်နိုင်ငံတို့ကြား တင်းမာမှုများ ဖြေလျော့ရန်အတွက် အီရန်ကိုယ်စားလှယ် အဖွဲ့ဝင်နှစ်ဦးကို အမေရိကန်နှင့်အီရန်သို့ စေလွှတ်မည်ဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ် အဗ္ဗက်ဒူလာ မိုဟာဒီက ကြေညာခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်