တီဟီရန် အောက်တိုဘာ ၅
အီရန်နိုင်ငံ အနောက်မြောက်ပိုင်း အနောက်အဇာဘိုင်ဂျန်ပြည်နယ်၌ အောက်တို ဘာ ၅ ရက်နံနက်ပိုင်းတွင် ပြင်းအား ၅ ဒသမ ၄ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူပေါင်း ၅၃၀ ဒဏ်ရာရရှိခဲ့ကြောင်း တက်စ်နင် သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါမြေငလျင်သည် ယနေ့နံနက် ၃ နာရီ ၅၁ မိနစ်အချိန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အရှေ့လောင်ဂျီကျု ၄၅ ဒီဂရီ၊ မြောက်လတ္တီကျု ၃၈ ဒသမ ၅ ဒီဂရီနှင့် အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံ မြေငလျင်စင်တာက ပြောကြားသည်။
ယင်းမြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူနေအိမ်အလုံး ၅၀၀ အထိ ပျက်စီးမှုရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ အရေအတွက်သည်လည်း ထပ်မံမြင့်တက်လာဖွယ်ရှိကြောင်း အနောက်အဇာဘိုင်ဂျန် ပြည်နယ်အုပ်ချုပ်ရေးမှူး မိုဟာမက်ဆာ ဒက်မိုတာမီဒီယန်၏ ပြောကြားချက်ကို ကိုးကား၍ တက်စ်နင်သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အလင်းသစ်