၁၆ မေ


အီရန်နိုင်ငံ ပါရှန်းပင်လယ်ကွေ့အတွင်း တင်းမာမှုများ မြင့်တက်မှုအတွက် အီရန်နိုင်ငံ၌ တာဝန်မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက မိုဟာမက် ဂျာဗတ်ဇာရက်က ပြောကြားခဲ့သည်။

 

1

 


ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရော့ခိုနိုနှင့် တိုကျိုတွင် ယနေ့ ဆွေးနွေးပြီးနောက် ဇာရက်က သတင်းထောက်များသို့ ယင်းသို့ ပြောကြားခဲ့သည်။


တင်းမာသော အခြေအနေကို ဆွေးနွေးရန် အစည်းအဝေးက အခွင့်အလမ်း တစ်ခုဖြစ်ခဲ့သည်ဟု ၄င်းက ဆိုသည်။


အီရန်နိုင်ငံသည် တင်းမာမှုများ အရှိန်မြင့်တက်အောင် ပြုလုပ်မည်မဟုတ်ကြောင်း သို့သော်လည်း အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာလျှင် ကိုယ်ကိုကို ခုခံကာကွယ်ရန်အတွက် တုံ့ပြန်မည်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။


တင်းမာမှုများ အရှိန်မြင့်တက်လာခြင်းကို ကာကွယ်ရန် တားဆီးရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် လက်မှတ်ရေးထိုးခဲ့သည့် နျူကလီးယား လျော့ချရေး သဘောတူညီချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကြားဝင်ဖျန်ဖြေနိုင်ကြောင်း ဇာရက်က ပြောကြားခဲ့သည်။


၄င်းက ဂျပန်နိုင်ငံသည် အရေးပါသော စီးပွားရေး မိတ်ဖက်ဖြစ်ပြီး အပြုသဘောဆောင်သည့် ကဏ္ဍမှ ပါဝင်နိုင်မလားဟု ဂျပန်နိုင်ငံကို မေးမြန်းခဲ့သည်။ ၄င်းသည် ဂျပန်ကုမ္ပဏီများသည် အီရန်နှင့်အတူ စီးပွားရေးလုပ်ငန်းများ ဆက်ဆံမှုကို ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု ဆိုသည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်