နိုဝင်ဘာ ၁၈

အီရန်နိုင်ငံအလယ်ပိုင်းအစ်ဖာဟန်ပြည်နယ်တွင် ယမန်နေ့က ကလိုရင်းဓါတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၆၀ အဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း အိုင်အာအင်န်အေသတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဓါတ်ငွေ့အဆိပ်သင့်မှုသည် အစ်ဖာဟန်ပြည်နယ်၏တောင်ဘက် ကီလိုမီတာ ၈၀ အကွာ ရှာရှ်ရီဇာကောင်တီရှိ အဝေးပြေးလမ်းပေါ်တွင် ကလိုရင်းဓါတ်ငွေ့တင်ဆောင်လာသောထရပ်ကားတစ်စီး တိမ်းမှောက်မှုကြောင့်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုမတော်တဆမှုဖြစ်ပွားရာနေရာသို့ကယ်ဆယ်ရေးအဖွဲ့များချက်ချင်းသွားရောက်ကာ ထရပ်ကားပေါ်တင်ဆောင်လာသော ဆလင်ဒါအိုးများအနက် ဆလင်ဒါအိုးတစ်လုံးမှကလိုရင်းဓါတ်ငွေ့များယိုစိမ့်မှုကြောင့်  အဆုတ်အဆိပ်သင့်မှုဖြစ်ပွားသော အနီးနားဒေသများရှိ လူပေါင်း ၆၀အား ဆေးကုသမှုစင်တာများဆီသို့ ချက်ချင်းပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို