ကဘူးလ် ဇန်နဝါရီ ၁၁
အာဖဂန်နယ်ခြားစောင့်တပ်ဖွဲ့သည် လူကုန်ကူးရန် ကြိုးပမ်းမှုကို ကြားဖြတ်ဟန့်တားခဲ့ပြီး အိမ်နီးချင်း အီရန်နိုင်ငံသို့ ခိုးဝင်ရန် ကြိုးပမ်းသည့် လူပေါင်း ၅၀၇ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဇန်နဝါရီ ၁၀ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကြေညာချက်တွင် အာဖဂန်နယ်ခြားစောင့်တပ်သည် နယ်စပ်လုံခြုံရေးအတွက် သေချာစွာစောင့်ကြပ်သွားမည်ဖြစ်ကြောင်း ပါဝင်သည်။ အီရန်နိုင်ငံမှ အာဖဂန်နစ္စတန်နိုင်ငံသို့ နေရပ်ပြန်လာသည့် ဒုက္ခသည်များ ရာနှင့်ချီ၍ရှိသော်လည်း စစ်ပွဲအလွန်ကာလ အလုပ်လက်မဲ့အခြေအနေများနှင့် ဆင်းရဲ နွမ်းပါးမှုမှ လွတ်မြောက်ရန်အတွက် အီရန်နိုင်ငံအတွင်းသို့ နေ့စဉ်ခိုးဝင်နေကြသည်။
အာဖဂန်နစ္စတန်အစိုးရသည် လူကုန်ကူးမှုနှင့်တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတို့ကို နှိမ်နင်းသွားမည်ဟု ကတိပြုထားသည်။
ဆင်ဟွာ


