တီဟီရန်၊ မတ် ၇
အီရန်နိုင်ငံက ပြည်တွင်းထုတ် ဂြိုဟ်တုနှစ်လုံးကို ယခုနှစ် ဒီဇင်ဘာလတွင် ရုရှားနိုင်ငံ၏ အကူအညီဖြင့် လွှတ်တင်သွား မည်ဖြစ်ကြောင်း အီရန်နိုင်ငံသတင်းအေဂျင်စီက ယမန်နေ့တွင် ပြောကြားသည်။
အီရန်နည်းပညာကုမ္ပဏီများက တီထွင်ခဲ့
ကိုဆာနှင့်ဟောဒ့်ဟု အမည်ရသည့် ဂြိုဟ်တုများအား အီရန်နည်းပညာကုမ္ပဏီများက တီထွင်ခဲ့ခြင်းဖြစ်ကာ ရုရှား ဒုံးပျံတင်ယာဉ်များဖြင့် အာကာသထဲသို့ ပစ်လွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဆာသည် ကမ္ဘာမြေပြင်စူးစမ်းလေ့လာရေးယာဉ် အမျိုးအစားဖြစ်ပြီး အာကာသထဲမှ ကြည်လင်ပြတ်သားသည့် ဓာတ်ပုံများရယူကာ စိုက်ပျိုးရေးလုပ်ငန်း၊ မြေတိုင်းလုပ်ငန်းနှင့် နယ်နိမိတ်တိုင်းတာ သတ်မှတ်ခြင်းတို့ကို ကူညီဆောင်ရွက် သွားမည်ဖြစ်သည်။
အခြားဂြိုဟ်တုတစ်လုံးဖြစ်သည့် ဟောဒ့်ဟုကိုလည်း စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် အထောက်အကူပြုနိုင်ရန် အာကာသထဲသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - စိုးသူရ