၉ အောက်တိုဘာ
အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်ဖ် သည် တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ တရားဝင်ခရီးသွားရောက်မည် ဖြစ်ကြောင်း အီရန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟွာက ကြာသပတေးနေ့က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ် သည် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ချန်ဟွာက ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားထားသည်။
တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးလည်းဖြစ်ပြီး အင်ဒိုနီးရှားသမ္မတ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဘင်ဆာ ပန်ဂျေတန်၊ အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်ဖ်နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး တီအိုဒိုရို လော့ဆင်းတို့သည် တရုတ်နိုင်ငံသို့ သောကြာနေ့မှစနေနေ့ အထိ နှစ်ရက်ကြာ တရားဝင်သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချူယင်က ကြာသပတေးနေ့က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို