ဧပြီ ၂၆

 

အိမ်နီးချင်းအီရန်နိုင်ငံမှအာဖဂန်ဒုက္ခသည် ၃၆၀၀၀ နီးပါး အာဖဂန်နစ္စတန်နိုင်ငံသို့ပြန်လာကြောင်း နိုင်ငံပိုင် ဘာ့တာသတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။

 

အီရန်နိုင်ငံတွင် နှစ်ပေါင်းများစွာကြာနေထိုင်ခဲ့သော အာဖဂန်ဒုက္ခသည်ပေါင်း ၃၅၉၉၉ ဦးသည် ၎င်းတို့၏ဇာတိမြေ အာဖဂန်နစ္စတန်နိုင်ငံသို့ ပြီးခဲ့သည့်လက ပြန်ရောက်လာကြောင်းနှင့် ၎င်းတို့၏နိုင်ငံသို့ ဆက်လက်၍ပြန်လာနေသူများ ရှိကြောင်း ထိုအေဂျင်စီကထပ်လောင်းဖော်ပြထားသည်။

 

လွန်ခဲ့သောလအနည်းငယ်က အီရန်နိုင်ငံမှအာဖဂန်ဒုက္ခသည် ၃၀၀၀၀၀ကျော် အာဖဂန်နစ္စတန်နိုင်ငံသို့ပြန်လာကြောင်းကိုလည်း ၎င်းအေဂျင်စီ၏ဖော်ပြချက်အရသိရသည်။

 

အီရန်နိုင်ငံတွင် နေထိုင်နေသော အာဖဂန်ဒုက္ခသည်ဦးရေ ၂ ဒသမ ၅ သန်းကျော်ရှိကြောင်းနှင့် ပါကစ္စတန်နိုင်ငံတွင်လည်း အာဖဂန်ဒုက္ခသည်ဦးရေအလားတူပင်ရှိကြောင်း ဖော်ပြထားသည်။

 

အာဖဂန်အစိုးရက ပြည်ပနိုင်ငံများရှိ အာဖဂန်ဒုက္ခသည်များအား နေရပ်သို့ပြန်လာရန်နှင့် ၎င်းတို့၏ဇာတိနိုင်ငံ၏ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို