မေ ၂၂

 

အီရန်နိုင်ငံ မြို့တော်တီဟီရန်ရှိ ရာဇီရပ်ကွက်အနီးတွင် မေလ ၂၀ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၇ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း အီရန်စတူးရန့်သတင်းအေဂျင်စီက ဖော်ပြထားသည်။

 

အဆိုပါမီးလောင်မှုသည် စနေနေ့မနက်ပိုင်းက ကုန်လှောင်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

မီးလောင်မှုဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ် ခြောက်စီး၊ အရေးပေါ်ဝန်ဆောင်မှုပေးဆိုင်ကယ်ငါးစီးနှင့် လူနာတင်ဘတ်စ်ကားတစ်စီးတို့ကို စေလွှတ်ခဲ့သည်ဟု တီဟီရန်၏အရေးပေါ်ဆေးပညာဆိုင်ရာအဖွဲ့အစည်း အကြီးအကဲ မိုဟာမက်အီစမီးလ် တာဗာကိုလီ၏ပြောကြားသည်။

 

ထိုမီးလောင်မှုကြောင့် မီးသတ်သမားနှစ်ဦးနှင့် လမ်းသွားလမ်းလာများ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအနက် ရှစ်ဦးကို ဆေးကုသရေးစင်တာများသို့ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။

 

တီဟီရန်မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ဂျာလာမာကီက ထိုကုန်လှောင်ရုံသည် ပြီးခဲ့သည့်ပြက္ခဒိန်နှစ်အတွင်း လုံခြုံရေးသတိပေးချက် အချက်ငါးချက်လက်ခံရရှိခဲ့ကြောင်း ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို