ဩဂုတ် ၁၇
အီရန်နိုင်ငံတွင် မျောက်ကျောက်ရောဂါပထမဆုံးကူးစက်မှုတွေ့ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦး၏ ယမန်နေ့က ပြောကြားချက်ကို ကိုးကားပြီး အိုင်အာအင်န်အေသတင်းအေဂျင်စီက ဖော်ပြထားသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပက်ဒမ်ပါခ်ကင်က ထိုရောဂါကူးစက်ခံရသူသည် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အရေပြားဒဏ်ရာမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်သည်ဟု အိုင်အာအင်န်အေ၏ပြောကြားချက်အရ သိရသည်။
အဆိုပါရောဂါကူးစက်ခံရသူသည် နိုင်ငံ၏အနောက်တောင်ဘက် အာဗက်ဇ်မြို့မှဖြစ်ပြီး သူမ၏နေအိမ်မှာပင် ကွာရန်တင်းနေထိုင်နေကြောင်း ၎င်းကမှတ်ချက်ပြုသည်။
ထိုရောဂါသည် ကုသနိုင်ပြီး သေဆုံးမှုနှုန်းမြင့်မားခြင်းမရှိကြောင်းနှင့် ကျောက်ရောဂါကာကွယ်ဆေးထိုးနှံထားသူများသည် မျောက်ကျောက်ရောဂါကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်စွမ်းရှိသည်ဟု ၎င်းကထပ်လောင်းပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို