မတ် ၁၁
အီရန်နိုင်ငံ၏မြို့တော် တီဟီရန်တွင် ယမန်နေ့က မီးရှူးမီးပန်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦးထက်မနည်းသေဆုံးပြီး မီးသတ်သမားနှစ်ဦးအပါအဝင် အခြား ၁၁ ဦး ဒဏ်ရာရရှိကြောင်း အိုင်အက်စ်အင်န်အေက ဖော်ပြထားသည်။ အဆိုပါမတော်တဆမှုသည် မြို့တော်တီဟီရန်၏ဈေးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ယင်းနေရာသို့ မီးသတ်သမားများ ချက်ချင်းသွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း တီဟီရန်မီးသတ်ဌာန၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုပေါက်ကွဲမှုအကျိုးဆက်ကြောင့်မီးလောင်မှုဖြစ်ပွားခဲ့ရာ ယင်းမီးလောင်မှုကြောင့် နှစ်ထပ်အိမ်ဟောင်းတစ်လုံး၏ တစ်စိတ်တစ်ပိုင်းပြိုကျခဲ့ပြီး ကပ်လျက်အိမ်တစ်လုံးလည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိသူများအနက် နှစ်ဦး၏အခြေအနေစိုးရိမ်ရသည်ဟု တီဟီရန်၏ဆေးဘက်ဆိုင်ရာ အရေးပေါ်အဖွဲ့အစည်း၏အကြီးအကဲ မိုဟာမက်အက်စ်မေးတာဗာကိုလီကပြောကြားသည်။ ယခုနှစ် မတ်လ ၂၀ ရက်ကျရောက်မည့် အီရန်နိုင်ငံ၏ နှစ်သစ်ကူးပွဲတော်မတိုင်မီ ရက်များအတွင်း အီရန်နိုင်ငံတွင် မီးရှူးမီးပန်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို