တီဟီရန်၊ ဇန်နဝါရီ ၃၀
အီရန်နိုင်ငံ အနောက်မြောက်ပိုင်း အနောက် အဇာဘိုင်ဂျန်ပြည်နယ် ၌ ဇန်နဝါရီ ၂၈ ရက် ညပိုင်းက ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခဲ့သောကြောင့် သုံးဦး သေဆုံးပြီး အခြား ၈၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ငလျင်သည် ခိုကောင်တီဒေသ အနက် ၇ ကီလိုမီတာ ကို ဗဟိုပြု၍ ဒေသစံတော်ချိန် ည ၉ နာရီ ၄၄ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပင်မငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ငယ် အများအပြား လှုပ်ခဲ့ကြောင်းနှင့် ငလျင်ငယ်တစ်ခုမှာ ပြင်းအား ၄ ဒသမ ၂ အဆင့်ရှိကြောင်း အီရန် ငလျင်တိုင်းတာရေး စင်တာက ပြောသည်။
ငလျင်လှုပ်မှုကြောင့် ခိုကောင် တီဒေသတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။ ငလျင်လှုပ်မှု ဒဏ်ခံရသည့် ဒေသများ၏ အစီရင်ခံစာများအရ ကျေးလက်ဒေသများရှိ ပျက်စီးဆုံးရှုံးမှု ပမာဏမှာ များပြားနိုင် ကြောင်း ခန့်မှန်းထားသည်။ ယခုအကြိမ် ငလျင်လှုပ်မှုသည် ရက်သတ္တနှစ်ပတ်အတွင်း ဒုတိယမြောက် အားပြင်းသော ငလျင်လှုပ်မှုဖြစ်ကြောင်းနှင့် ယခင်လှုပ်ခတ်မှုမှာ ဇန်နဝါရီ ၁၉ ရက်ကဖြစ်ပြီး ပြင်းအား ၅ ဒသမ ၄ အဆင့်ရှိ၍ လူ ၁၉၀ ကျော် ထိခိုက်ဒဏ်ရာရရှိ ကြောင်း သိရသည်။
ဆင်ဟွာ