၁၉ ဇူလိုင်
အီရန် သမ္မတ ဟာဆန် ရိုဟာနီက နိုင်ငံသား ၃၅ သန်းလောက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ကြောင်း၊ နိုင်ငံရဲ့လူဦးရေရဲ့ လေးပုံတစ်ပုံလောက် ဗိုင်းရပ်စ်ပိုးကူးစက်ခံထားပြီး ဖြစ်ပေမယ့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အများဆုံးအရေအတွက် မရောက်သေးတဲ့အတွက် အခုလို ပြောကြားခြင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၁၄ သန်းနီးပါး ကူးစက်ခံရပြီး ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၅၈၈,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။
အီရန်နိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၂၄ နာရီအတွင်း ၁၈၈ ဦးနဲ့ ရောဂါပိုးတွေ့ရှိသူ ၂,၁၆၆ ဦးရှိကြောင်း တနင်္ဂနွေနေ့မှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာပါတယ်။
ဖေဖော်ဝါရီလလယ်ပိုင်းကစပြီး အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိရာ အခုဆိုရင် စုစုပေါင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၇၁,၆၀၆ ဦးနဲ့ သေဆုံးသူ ၁၃,၉၇၉ ဦးရှိကြောင်း သိရပါတယ်။
သမ္မတရဲ့ ရုပ်မြင်သံကြားက ပြောကြားတဲ့ မိန့်ခွန်းမှာ ကပ်ရောဂါပိုးဟာ အီရန် ၂၅ သန်းလောက်အထိ ကူစက်ပြီးကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တွေ့ရှိချက်အရ သန်း ၃၀ ကနေ ၃၅ သန်းသော နိုင်ငံသားတွေကို ကူးစက်နိုင်ခြေရှိတယ်လို့ ခန်းမှန်းထားကြောင်း ပြောကြားသွားပါတယ်။
ပိတ်ဆို့ အရေးယူ ခံထားရတဲ့ အီရန်နိုင်ငံ ရဲ့ စီးပွားကို ထိခိုက်လာတဲ့အတွက် ကပ်ရောဂါဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းချုပ်ရန် အသွားအလာ ကန့်သတ်မှုကို လာမယ့် လ မှာ ဖြေလျော့ဖို့ လုပ်ဆောင်နေပေမယ့် ကျောင်းတွေနဲ့ လူအများစုဝေးတာကို ပိတ်ပင်တားမြစ်ထားခြင်း၊ ပြည်နယ်ချင်း ခရီးသွားလာခွင့်ကို တားမြစ်ထားခြင်းများ ပြုလုပ်ထားပါတယ်။
MDN
ကိုးကား - AFP

