၂၈ မတ်
အီရန်နိုင်ငံတွင် ရေကြီးမှုများ နေရာအနှံ့ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၀ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ သမ္မတ ဟာဆန်ရိုဟာနီဟာသည် သဘာဝဘေးအန္တရာယ် ကျရောက်ရာဒေသတစ်ခုကို ကြည့်ရှုစစ်ဆေးပြီး ဘေးအန္တရာယ်ကြောင့် ထိခိုက်သူများကို လျော်ကြေးများပေးအပ်ရန် ကတိပြုခဲ့သည်။

ပြီးခဲ့သည့်အပတ်က မိုးရွာသွန်းမှုကြောင့် ပြည်နယ် ၃၁ခုအနက် ပြည်နယ်၂၅ခုတွင် ပျက်စီးမှုများရှိခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာက ပြောကြားသည်။
အီရန်လခြမ်းနီအဖွဲ့က ရေဘေးသင့်ဒေသများတွင် ရွက်ဖျင်တဲများကို တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ သား သမီးများ၊ သိုးများကို ကယ်တင်နိုင်ခဲ့သော်လည်း အရာအားလုံး ဆုံးရှုံးခဲ့ရကြောင်း အန္တရာယ်ရှိရာအရပ်ကို စွန့် ခွာထွက်ပြေးလာသူများအနက် တစ်ဦးက ပြောကြားသည်။ရိုဟာနီသည် ဗုဒ္ဓဟူးနေ့က အီရန်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဂေါ့လက်စတန်ပြည်နယ်သို့ သွားရောက်လည်ပတ်ခဲ့သည်။
၄င်းသည် ပြည်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာ အေဂျင်စီများကို အမိန့်ပေးခဲ့ပြီး အိုးအိမ်များ၊ စီးပွား ရေးလုပ်ငန်းများ၊ လယ်ယာလုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးပေးရန် ကတိပြုခဲ့သည်။

ရေဘေးသင့် ဒေသအစိတ်အပိုင်းအချို့တွင် မိုးများ ရွာနေဆဲဖြစ်သည်။
ဒေသခံများအနေဖြင့် သတိဖြင့် ဆက်လက်နေထိုင်ကြရန် အီရန်အာဏာပိုင်များက တိုက်တွန်းလျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်