ပေကျင်း  ဇွန်  ၂၂

အီရန်နျူကလီးယားစက်ရုံများအား အမေရိကန်က ဗုံးကြဲတိုက်ခိုက်မှုအပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာရှုတ်ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်ကျန်းက ဇွန် ၂၂ ရက်တွင် ပြောကြားသည်။

အီရန်နိုင်ငံရှိ  နျူကလီးယားစက်ရုံ သုံးခုအား အမေရိကန်ကတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်သမ္မတ ထရမ့်က ကြေညာခဲ့ပြီးနောက် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။    အမေရိကန်က ယခုကဲ့သို့ တိုက်ခိုက်မှုများဆောင်ရွက်ခြင်းဖြင့်  ကုလသမဂ္ဂပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပြီး အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ  မြင့်တက် စေကြောင်း ၎င်းကပြောကြားသည်။

တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ရရှိစေရေး အတွက် တရားမျှတမှုကို စွဲကိုင်ကာ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့် ရှိကြောင်း ၎င်းက ပြောကြားသည်။     

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ