တီဟီရန်၊ မေ ၁၉
အီရန်နိုင်ငံ အနောက်မြောက်ပိုင်း အရှေ့အဇာဘိုင်ဂျန်ပြည်နယ်၌ မေ ၁၉ ရက်တွင် အီရန်သမ္မတ အီဘရာဟင်ရိုင်စီ လိုက်ပါလာသည့် ရဟတ်ယာဉ်မှာ မတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရပြီး ကြမ်းတမ်းသည့် မြေပြင်ဆင်းသက်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း နိုင်ငံပိုင်အိုင်အာအိုင်ဘီ ရုပ်မြင်သံကြားက ထုတ်လွှင့် ဖော်ပြထားသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ခဲ့သော်လည်း ဆိုးရွားသည့် ရာသီဥတု အခြေအနေများနှင့် မြူများထူထပ်စွာ ကျရောက်မှုတို့ကြောင့် ၎င်းတို့အဖွဲ့ရောက်ရှိရန် နှောင့်နှေးခဲ့ရကြောင်း အဆိုပါရုပ်မြင်သံကြားက ထုတ်လွှင့်ထားသည်။
အီရန်သမ္မတ ရိုင်စီနှင့် ၎င်း၏အဖွဲ့များ လိုက်ပါလာသည့် ရဟတ်ယာဉ်တန်းများထဲမှ တစ်စင်းမှာ အဆိုပါမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တရားဝင်သတင်းအေဂျင်စီဖြစ်သည့် အိုင်အာအင်န်အေက ပြောကြားသည်။
ဆင်ဟွာ