အီရန်သမ္မတ ရိုဟာနီ နှင့် ဆွေးနွေးရန် ထရန့် တံခါးဖွင့်ထား

၂၇ သြဂုတ်

ကောင်းမွန်သောအခြေအနေအရ အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီ နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ဆိုသည်။

ထရန့် သည် ပြင်သစ်နိုင်ငံတွင် ကျင်းပသော ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲ အပြီးသတ်ဖြစ်သည့် ယမန်နေ့က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် နှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

ရက်သတ္တပတ်များအတွင်း ထရန့် နှင့် ရိုဟာနီ တို့အကြား ထိပ်သီးဆွေးနွေးပွဲတစ်ခု ဖြစ်ပေါ်လာရန် မျှော်လင့်ကြောင်း နှင့် ရိုဟာနီ က ဆွေးနွေးရန် လိုလားကြောင်း မာကွန် က ပြောကြားခဲ့သည်။

ဂျီ- ၇ ထိပ်သီးဆွေးနွေးပွဲ ပြင်ပတွင် ထရန့် နှင့်အတူ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်ဖ် တို့သီးခြားဆွေးနွေးမှု အခြေအနေတိုးတက်မှုရှိခဲ့သည်ဟု ပြင်သစ်သမ္မတ က ပြောကြားခဲ့သည်။

ထရန့်သည် အီရန်နိုင်ငံ အပေါ် ယမန်နှစ်က နျူကလီးယားသဘောတူညီချက်ကိုရုပ်သိမ်းခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှု ပြန်လည် ချမှတ်ခဲ့သဖြင့် အမေရိကန် နှင့် အီရန် နိုင်ငံတို့အကြား တင်းမာမှုများ မြင့်မားနေဆဲဖြစ်သည်။

အီရန်က ရုပ်သိမ်းလိုသည့် ရေနံကုန်သွယ်မှု ပိတ်ပင်ခြင်းအပါအဝင် ပိတ်ဆို့ဒဏ်ခတ်မှုများကို ဖြေလျှော့ရန် ထရန့် ကို မေတ္တာရပ်ခံမည်ဟု မက်ခရွန်က ထင်မြင်ယူဆထားသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို