၂ အောက်တိုဘာ

 

 

အလုပ်အကိုင် အခွင့်အရေးများနှင့် အခြေခံ ဝန်ဆောင်မှုများ ကျဆင်းလာမှုကို ဆန့်ကျင်ကာ အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲများ နိုင်ငံအနှံ့ဖြစ်ပွားရာ ဆန္ဒပြသူတစ်ဦး သေဆုံးပြီး အခြား ၂၀၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။

 

 

လုံခြုံရေး တပ်ဖွဲ့ဝင် ၄၀ ဦး အပါအဝင် ဆန္ဒပြသူတစ်ဦး သေဆုံးပြီး အခြား ၂၀၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

 

 

ဒဏ်ရာရသူ အယောက် ၅၀ မှာ ဆေးရုံများတွင် ဆေးကုသမှုခံယူနေဆဲ ဖြစ်သော်လည်း ဒဏ်ရာရသူ အများစုမှာ ပထမဦးဆုံး ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းပြီဖြစ်ကြောင်း ၎င်းကြေညာချက်တွင် ထပ်လောင်းဖော်ပြခဲ့သည်။

 

 

ရာချီရှိသော အီရတ် ဆန္ဒပြသမားများသည် ဘဂ္ဂဒက် ရှိ  Tahrir ရင်ပြင်ပေါ်တွင် စုဝေးကာ အလုပ်အကိုင် အခွင့်အရေးများ၊ ရေကောင်းရေသန့်နှင့် လျှပ်စစ်မီး လိုအပ်မှု အပါအဝင် အခြေခံ ဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်မှု မရှိခြင်းတို့ကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

 

ကျောက်ခဲများနှင့် ရေဗူးခွံများဖြင့် ၎င်းတို့ကို ပစ်ပေါက်ခဲ့သော ဆန္ဒပြသမားများကို လူစုခွဲရန် လုံခြုံရေး တပ်ဖွဲ့များနှင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့တို့က ခဲယမ်းမီးကျောက်နှင့် မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့သည်။

 

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို