နိုဝင်ဘာ ၁၁

အီရတ်နိုင်ငံ၏မြို့တော်ဘဂ္ဂဒက်တွင် နိုဝင်ဘာ ၆ ရက်က အဆောက်အအုံတစ်လုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အီရတ်ကယ်ဆယ်ရေးအဖွဲ့က ထိုအဆောက်အအုံမီးလောင်ပြိုကျအပျက်အစီးများအောက်မှ သေဆုံးသူသုံးဦးအလောင်းကို ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါသုံးထပ်အဆောက်အအုံမှ အပေါ်နှစ်ထပ်ပြိုကျမှုကြောင့် လူ ၁၁ ဦးပျောက်ဆုံးနေခဲ့ရာမှ သုံးဦး၏အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးနေဆဲဖြစ်သောကျန်ရှစ်ဦးကို ရှာဖွေမှုများဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု အရပ်ဘက်ကာကွယ်ရေးအဖွဲ့က ပြောကြားသည်။

ထိုအဆောက်အအုံတွင် မီးလောင်လွယ်သော ရေမွှေးသိုလောင်ရုံများထားရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို