ကဘူးလ်၊ ဇွန် ၃
အီရတ်နိုင်ငံအတွက် ကုလသမဂ္ဂအကူအညီ ပေးရေးမစ်ရှင် (UNAMI) ကို ၂၀၂၅ ခုနှစ်အကုန်တွင် အဆုံးသတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အီရတ်အစိုးရက မေ ၃၁ ရက်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကုလသမဂ္ဂမစ်ရှင်ကို အဆုံးသတ်ရန် တညီတညွတ်တည်း ထုတ်ပြန်ခဲ့သော ကြေညာချက်ကို အီရတ်အစိုးရသည် ကြိုဆိုဂုဏ်ပြုကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဘာဆင်မ်အယ်လ်အဝါဒီက ပြောကြားသည်။ အီရတ်အစိုးရသည် ကုလသမဂ္ဂနှင့် အီရတ်နိုင်ငံရှိ ၎င်း၏ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များနှင့် ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်အဖြစ် ဆက်လက်လုပ်ဆောင်ရန် ကတိပြုခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အီရတ်နိုင်ငံအတွက် ကုလသမဂ္ဂအကူအညီပေးရေးမစ်ရှင် (UNAMI) နောက်ဆုံး ၁၉ လတာကာလကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သက်တမ်းတိုးရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပြီးနောက် ကုလသမဂ္ဂ အကူအညီပေးရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် လုပ်ငန်းလည်ပတ်မှု အားလုံးကို ရပ်ဆိုင်းမည်ဖြစ်သည်။
အီရတ်နိုင်ငံအတွက် ကုလသမဂ္ဂအကူအညီပေး ရေးမစ်ရှင်သည် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ ကျူးကျော်မှုအပြီး အီရတ်အစိုးရ၏ တောင်းဆိုမှုဖြင့် ၂၀၀၃ ခုနှစ်တွင် လုံခြုံရေးကောင်စီက တည်ထောင်ခဲ့သော နိုင်ငံရေးမစ်ရှင်တစ်ခုဖြစ်သည်။
၎င်း၏အဓိကလုပ်ပိုင်ခွင့်မှာ နယ်ပယ်အသီးသီးတွင် အစိုးရနှင့် အီရတ်ပြည်သူများအား အကြံဉာဏ်များ၊ ပံ့ပိုးကူညီမှုများပေးရန်ဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်