အီရတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကြောင့် ထပ်မံကူးစက်ခံရသူ ၆၅ ဦး ရှိကြောင်း အတည်ပြု

၁ ဧပြီ

 

အီရတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ လေးဦး၊ ထပ်မံကူးစက်ခံရသူ ၆၅ ဦးရှိသဖြင့် စုစုပေါင်း ကူးစက်ခံရသူ ၆၉၄ ဦး ရှိကြောင်း အီရတ်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ အတည်ပြု ပြောကြားခဲ့သည်။

 

ယခုအချိန်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်မှာ ၆၉၄ ဦး ရှိကြောင်း အတည်ပြုခဲ့ပြီး ၅၀ ဦး သေဆုံးခဲ့ကြောင်းနှင့် ၁၇၀ ဦးမှာ ပြန်လည်ကောင်းမွန်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် တစ်နိုင်ငံလုံး သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ဧပြီ ၁၁ ရက်နေ့အထိ တိုးမြှင့်ရန် အီရတ်အစိုးရက ဆုံးဖြတ်ခဲ့သည်။

 

အီရတ်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေးအတွက်  ကျွမ်းကျင်သူ ခုနစ်ဦးပါဝင်သော တရုတ်အဖွဲ့သည် အီရတ်အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်နေကြသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို