၈ နိုဝင်ဘာ
အီရတ်အာဏာပိုင်များက ယခုလကုန်ပိုင်းတွင် စာသင်နှစ်အသစ်စတင်ရန် ယမန်နေ့က ဆုံးဖြတ်ချက် ချခဲ့သည်။
ကျန်းမာရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကော်မတီအား အီရတ်ဝန်ကြီးချုပ် မူတာဖာအယ်လ်ကာဒီမီ ဦးဆောင်ကာ အစည်းအဝေးပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာရေးက ဆုံးဖြတ်ရမည့် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များဖြင့် နိုဝင်ဘာ ၂၉ ရက်နေ့တွင် စာသင်နှစ်စတင်ရန် ဆုံးဖြတ်ခဲ့သည်ဟု အီရတ်ဝန်ကြီးချုပ်၏ သတင်းပြန်ကြားရေးရုံး ထုတ်ပြန်ချက်အရ သိရသည်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖာလက်ရှ် အယ်လ်ကာစီက ဘာသာရပ်အရေအတွက် လျှော့ချမည့် စာသင်ကျောင်းများအတွက် သင်ရိုးညွှန်းတမ်း အရေးပေါ်ပြင်ဆင်နေကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်ဟု အောက်တိုဘာ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။
ကျောင်းသားများကိုလည်း အီလက်ထရောနစ်နည်းပညာနှင့် ပညာရေးရုပ်သံလိုင်းမှတစ်ဆင့် သင်ကြားရန် ရည်ရွယ်ထားသည်ဟု သိရသည်။
အီရတ်ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၂၈၈၀ ရှိပြီး နိုင်ငံတစ်ဝန်း ရောဂါကူးစက်ခံရသူပေါင်း ၄၉၆၀၁၉ ဦး ရှိကြောင်း ထိုနေ့အစောပိုင်းက ထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို