၅ မတ်
အီသီယိုးပီးယားလေယာဉ်ပျက်ကျအပြီး ဘိုးရင်းလေယာဉ်ကုမ္ပဏီက သူ့ကုမ္ပဏီထုတ် လေယာဉ်တွေဟာ ပျံသန်းနေစဉ်မှာ လုံခြုံစိတ်ချစေရန်အတွက် လိုအပ်သောအရာအားလုံး လုပ်သွားမည်ဖြစ်လို့ ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့လက ပျက်ကျခဲ့တဲ့ အီသီယိုးပီးယားလေယာဉ် ဘိုးရင်း MAX 8 လေယာဉ်မှူးဟာ ဘိုးရင်းရဲ့ လမ်းညွှန်ချက်တွေအားလုံးကို လိုက်နာကြောင်း စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိရပြီးနောက် ဒီကြေငြာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဘိုးရင်းကုမ္ပဏီက လာမယ့် သီတင်းပတ်မှာ 737 MAX လေယာဉ်အမျိုးအစားတွေမှာ ပါရှိတဲ့ ပြန်လည်ပြုပြင်ထားတဲ့ ဆော့ဝဲလ် ထွက်လာမယ်လို့ပြောပါတယ်။
စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို လူသိရှင်ကြားထုတ်ပြန်ခြင်းမရှိသေးပေမယ့် AFP သတင်းဌာနက တွေ့ရှိချက်မူကြမ်းကို မြင်တွေ့ခဲ့ပါတယ်။ အဲဒီစစ်ဆေးချက်မှာ လေယာဉ်ပျံ ပျံတက်ပြီး သိပ်မကြာခင်မှာ အဆက်အသွယ် ပြတ်သွားရာ အလိုလျောက်လေယာဉ်ထိန်းချုပ်ရေးစနစ်ချွတ်ယွင်းမှုက လေယာဉ်ရဲ့ ခေါင်းကို ထိုးကျသွားစေတယ်လို့ ပါရှိပါတယ်။
MDN
ကိုးကား - AFP