အဒစ္စအဘာဘာ အောက်တိုဘာ ၂၂
အီသီယိုးပီးယားနိုင်ငံ၌ ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသည့်ကလေး ၇ ဒသမ ၆ သန်းရှိသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်) က ပြော သည်။ အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် အီသီယိုးပီးယားနိုင်ငံ၌ စာသင်ကျောင်းပေါင်း ၈၅၅၂ ကျောင်းမှာ တစ်ပိုင်းတစ်စ သို့မဟုတ် လုံးလုံးပျက်စီးလျက်ရှိသည်ဟု သိရသည်။
အဆိုပါအရေအတွက်မှာ နိုင်ငံအတွင်းစာသင် ကျောင်းအရေအတွက်၏ ၂၀ ရာခိုင်နှုန်းရှိသည်။ စာသင်ကျောင်းပြင်ပတွင် ကလေးများ ရောက်ရှိနေသည်မှာ ကာလရှည်ကြာ ကြာမြင့်လာပါက ပုံမှန်စာသင်ကြားမှုဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ခက်ခဲလာလိမ့်မည်ဟုလည်း သတိပေး ထားသည်။
ဆင်ဟွာ