၁၈ ဇန်နဝါရီ
အီသီယိုးပီးယားနိုင်ငံ မြောက်ဘက် တီဂရေးဒေသတွင် စစ်ရေးတိုက်ခိုက်မှုများကြောင့် ဒုက္ခသည် ၅၈၀၀၀ ကျော်သည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဆူဒန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ယမန်နေ့က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းပြီး ဒုက္ခသည်များအား နယ်စပ်စခန်းများမှ သတ်မှတ်ထားသည့် ဒုက္ခသည် စခန်းများသို့ ဒုက္ခသည်ပေါင်း ၂၆၈၆၄ ဉီးကို ရွေ့ပြောင်းပေးခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးများရုံး၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ယခုအခါတွင် အီသီယိုပီးယား အစိုးရက ဒုက္ခသည် တောင်ဆူဒန်၊ ဆိုမာလီယာ၊ အီရီထရီးယားနှင့် ဆူဒန်နိုင်ငံများရှိ ဒုက္ခသည် စခန်း ၂၆ ခုနှင့် ဒုက္ခသည်စခန်း မဟုတ်သည့် နေရာများတွင် လက်ခံထားသည့် ဒုက္ခသည် တစ်သန်းနီးပါးအား အကာအကွယ်ပေးလျက် ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်