အဒစ္စအဘာဘာ ဇူလိုင် ၂
အီသီယိုးပီးယားနိုင်ငံ၌ တစ်လအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၅၂၀၀၀၀ ကျော်ရှိလာသည့် အတွက် ငှက်ဖျားရောဂါဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများနှင့် စောင့်ကြည့်ရေးကြိုးပမ်းမှုများ လုပ်ဆောင်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။
အီသီယိုးပီးယားနိုင်ငံ၌ မေလအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၅၂၀၇၈၂ ဦးရှိသည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဇွန် ၃၀ ရက် တွင် ထုတ်ပြန်သည့် အီသီယိုးပီးယားကျန်းမာရေးဆိုင်ရာ သတင်း လွှာတွင် ဖော်ပြထားသည်။
တစ်ချိန်တည်းတွင် အီသီယိုးပီးယား၌ မျောက်ကျောက်၊ ငှက်ဖျား၊ ဝက်သက်နှင့် ကာလဝမ်း ရောဂါဖြစ်ပွားမှုတို့ကို တုံ့ပြန်တိုက်ဖျက်လျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။ လက်ရှိနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေများကြောင့်လည်း အများ ပြည်သူ့ကျန်းမာရေးကို ပိုမိုထိခိုက်စေသည်ဟု သိရသည်။
ငှက်ဖျားရောဂါသည် စက်တင်ဘာနှင့် ဒီဇင်ဘာလအတွင်း အဖြစ်များကြောင်း၊ ဧပြီမှ မေလ အတွင်းမှာ ဒုတိယအဖြစ်အများဆုံးဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပြောကြားချက်အရ ၂၀၂၄ ခုနှစ်အတွင်း အီသီယိုးပီးယားနိုင်ငံတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၈ ဒသမ ၄ သန်းကျော်ရှိပြီး တစ်နှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားသူ အများဆုံးဟု သိရသည်။
ဆင်ဟွာ