ဇူလိုင် ၂၃

အီသီယိုးပီးယားနိုင်ငံတောင်ပိုင်းတွင် ယမန်နေ့က မြေပြိုမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၄၆ ဦး ရှိလာကြောင်း ဒေသတွင်းအစိုးရအဖွဲ့တာဝန်ရှိသူများက ယနေ့တွင်ပြောကြားသည်။

အဆိုပါမြေပြိုမှုသည် နိုင်ငံတောင်ပိုင်း ဂိုဖာခရိုင်တွင် ယမန်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြေပြိုမှုကြောင့်သေဆုံးသူများတွင် အမျိုးသား ၉၆ ဦးနှင့် အမျိုးသမီး ၅၀ ပါဝင်သည်ဟုသိရသည်။ ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိသဖြင့် သေဆုံးသူဦးရေ ပိုမိုမြင့်တက်လာနိုင်ကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားသည်။

မိုးရာသီကာလသည် ဇူလိုင်လမှစတင်ကာ စက်တင်ဘာလလယ်ပိုင်းအထိရှိမည်ဖြစ်ပြီး နိုင်ငံ၏အချို့သောဒေသများတွင် မိုးများအဆက်မပြတ်ရွားသွန်းသဖြင့် မြေပြိုမှုများကို ဖြစ်ပေါ်စေသည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို