အီသီယိုးပီးယားတွင် တိုက်ခိုက်မှုဖြစ်ပွား ဂျပန်နိုင်ငံသားတစ်ဦးအပါအဝင် ငါးဦးသေဆုံး

၂၁ မတ်

 

အီသီယိုးပီးယားနိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က မော်တော်ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးခဲ့ပြီး ထိုသေဆုံးသူများတွင် ဂျပန်နိုင်ငံသားတစ်ဦး ပါဝင်နိုင်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုသည် အက်ဒစ် အဘာဘာ မြို့တော်အနောက်ဘက် ၅၀ဝ ကီလိုမီတာခန့် အီသီယိုးပီးယား ပြည်နယ်များအနက် တစ်ခုဖြစ်သော အိုရိုမီယာ တွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်ပေါ်ပါရှိသူ ငါးဦးလုံး သေဆုံးခဲ့ကြောင်း ဒေသခံ မီဒီယာနှင့် အခြား သတင်းရင်းမြစ်များ က ဆိုသည်။

 

ယင်းတိုက်ခိုက်သူများသည် ထိုနေရာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်းနှင့် မည်သူ့လက်ချက်ဖြစ်သည်ကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။
ထိုတိုက်ခိုက်ခံရသူများသည် သတ္တုတူးဖော်ရေး ကုမ္ပဏီ အလုပ်သမားများဖြစ်ကြပြီး တစ်ဦးမှာ ဂျပန်နိုင်ငံသား ဖြစ်ကြောင်း အချို့မီဒီယာများက သတင်းဖော်ပြထားသည်။

 

ဂျပန်သံရုံးတာဝန်ရှိသူများက ထိုသတင်းမှန်မမှန် အတည်ပြုရန် ဆောင်ရွက်နေကြကြောင်း သိရသည်။

 

ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား-ဆင်ဟွာ