နိုဝင်ဘာ ၂၅

 

အီတလီအစိုးရက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်လုပ်ဆောင်ချက်အနေဖြင့် အချို့သော အပန်းဖြေနေရာများမှ ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူများအား တားမြစ်ရန်ဆုံးဖြတ်ထားသည်။

 

အစိုးရက ဒီဇင်ဘာ ၆ ရက်နေ့မှစတင်ကာ စားသောက်ဆိုင်များ၊ ပြဇာတ်ရုံများနှင့် အားကစားပြိုင်ပွဲများသို့ လာရောက်သူအားလုံးအနေဖြင့် ရောဂါကူးစက်မှုဖြစ်ပွားပြီးနောက်ကျန်းမာရေးပြန်လည်ကောင်းမွန်ကြောင်း သို့မဟုတ် ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း လက်မှတ်ပြသနိုင်ရမည်ဟု ယမန်နေ့က ဆုံးဖြတ်ခဲ့သည်။

 

ယခုအချိန်အထိ ကာကွယ်ဆေးထိုးနှံမှုမခံယူရသေးသူများသည် ရောဂါကူးစက်မှုကင်းရှင်းကြောင်း လက်မှတ်ဖြင့် ၎င်းနေရာများသို့ဝင်ရောက်နိုင်ခဲ့သည်။

 

ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများအပြင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာများပါ မဖြစ်မနေကာကွယ်ဆေးထိုးနှံမှု တိုးမြှင့်လုပ်ဆောင်ရန်လည်း အစိုးကဆုံးဖြတ်ခဲ့သည်။

 

ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်အားဖြည့်ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံမှုခံယူရမည်။ အသက် ၁၈ နှစ်အထက်အရွယ်များအား ကိုဗစ်အားဖြည့်ကာကွယ်ဆေးကို လာမည့်လမှစတင်ကာ ထိုးနှံပေးမည် ဖြစ်သည်။

 

အီတလီနိုင်ငံသည် ဥရောပတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှုန်းအများဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

 

နိုင်ငံလူဦးရေ၏ ၇၂ ရာခိုင်နှုန်းကျော်သည် ကာကွယ်ဆေးထိုးနှံမှုနှစ်ကြိမ်ခံယူပြီး ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို