အီတလီအသင်းကို အနိုင်ရပြီး အာဂျင်တီးနားအသင်း Finalissima ဖလားဆွတ်ခူး

ဥရောပချန်ပီယံ အီတလီအသင်းနဲ့ တောင်အမေရိကချန်ပီယံ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ Finalissima ဖလားပွဲစဉ်မှာ အာဂျင်တီးနားအသင်းက အီတလီ အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အာဂျင်တီးနားအသင်းဟာ Finalissima ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၂၈ မိနစ်မှာ မာတီနက်ဇ်၊ ၄၅ မိနစ်မှာ ဒီမာရီယာနဲ့ မိနစ် ၉၀ မှာ ဒိုင်ဘာလာတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် အသင်းရဲ့ သမိုင်းတစ်လျှောက် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် ၃၂ ပွဲမှာ ရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုပြိုင်ပွဲဟာ ၂၉ နှစ်တာကာလအတွင်း ဥရောပချန်ပီယံအသင်းနဲ့ တောင်အမေရိကချန်ပီယံ အသင်းတို့အကြား ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဥရောပချန်ပီယံအသင်းနဲ့ တောင်အမေရိကချန်ပီယံအသင်းတို့အကြား ယခင်က ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ ၁၉၈၅ ခုနှစ်မှာ ပြင်သစ်အသင်းက ဥရုဂွေးအသင်းကို အနိုင်ရရှိခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ အာဂျင်တီးနားအသင်းက ဒိန်းမတ်အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်