ဧပြီ ၁၉
အီတလီနိုင်ငံဝန်ကြီးချုပ် မာရီယိုဒရာဂီ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း ယမန်နေ့က အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒရာဂီသည် အသက် ၇၄ နှစ်အရွယ်ရှိပြီး ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံမှု ခံယူပြီးသူဖြစ်ကြောင်းနှင့် ၎င်းတွင် ရောဂါလက္ခဏာပြသမှု မရှိကြောင်း ထိုထုတ်ပြန်ချက်အရ သိရသည်။
ဧပြီ ၂၀ - ၂၁ ရက်တို့တွင် သွားရောက်ရန်စီစဉ်ထားသည့် ကွန်ဂိုနှင့် အန်ဂိုလာနိုင်ငံခရီးစဉ်အပါအဝင် ၎င်း၏ လုပ်ငန်းစဉ်များကို ရပ်နားထားသည်။ ထိုခရီးစဉ်တွင် ဒရာဂီ၏ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး လူဂီ သွားရောက်မည် ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ကရရှိသောနောက်ဆုံးအချက်အလက်အရ နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူဦးရေ ၅၂၀၀၀ နီးပါး ထပ်မံတွေ့ရှိခဲ့သည်။
နိုင်ငံအတွင်း ရောဂါထပ်မံကူးစက်ခံရသူဦးရေ ၅၀၀၀၀ ကျော်ရှိသည်မှာ ခြောက်ရက်ဆက်တိုက်ရှိပြီ ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို