၁၃ ဒီဇင်ဘာ
အီတလီနိုင်ငံဟာ ဥရောပနိုင်ငံတွေထဲမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူအများဆုံးဖြစ်လာကြောင်း စနေနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ စနေနေ့က ထုတ်ပြန်ချက်တွင် ၂၄ နာရီအတွင်း သေဆုံးသူ ၆၄၉ ဦးနဲ့ ရောဂါပိုးတွေ့ရှိသူ ၁၉,၉၀၃ ဦးရှိကြောင်း သိရပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၇၂,၁၀၉,၅၁၀ ဦးနဲ့ သေဆုံး ၁,၆၁၁,၆၃၇ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုးကြောင့် သေဆုံးသူအများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံတွင် ၂၉၅,၅၃၉ ဦးရှိပြီး အဲဒီနောက်မှာ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကဆီကိုနိုင်ငံတွေ ရှိနေပါတယ်။
ဥရောပမှာ ကပ်ရောဂါပိုးကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဟာ ဗြိတိန်နိုင်ငံဖြစ်ခဲ့ပေမယ့် စနေနေ့ထုတ်ပြန်ချက်အရ အီတလီနိုင်ငံဟာ အများဆုံးနိုင်ငံ ဖြစ်သွားခဲ့ပါတယ်။
အီတလီနိုင်ငံမှာ ကပ်ရောဂါပိုးကြောင့် သေဆုံးသူ ၆၄,၀၃၆ ဦး၊ ဗြိတိန်နိုင်ငံမှာ ၆၄,၀၂၆ ဦး၊ ပြင်သစ်နိုင်ငံမှာ ၅၇,၅၆၇ ဦးနဲ့ စပိန်နိုင်ငံမှာ ၄၇,၆၂၄ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP