၃၁ ဇူလိုင်
အီတလီနိုင်ငံတောင်ပိုင်း အာပူ လီယာ ဒေသတဝိုက်ရှိ သံလွင်ပင်တွေမှာ ပိုးတစ်မျိုးကျရောက်နေပါတယ်။ အဲဒီပိုးဟာ မြေဆီကနေ ရေကို စုပ်ယူမရအောင် ပိတ်ပင်ထားတဲ့အတွက် အပင်တွေ ခြောက်ကပ်လာစေပါတယ်။ အခုလိုဖြစ်ခြင်းကို 'olive tree leprosy' ဖြစ်ခြင်းလို့ ခေါ်ကြောင်း သိရပါတယ်။ ဒီပိုးဟာ သံလွင်ပင် သန်းနဲ့ချီပြီး ကျရောက်နေတဲ့အတွက် မြေထဲပင်လယ်ဒေသတစ်ခုလုံး ပျံ့နှံ့သွားမှာ စိုးရိမ်နေပါတယ်။
ကမ္ဘာတစ်ဝန်းကို ဖြန့်ချိနေတဲ့ သံလွင်ဆီပမာဏာဟာ စပိန်ပြီး ဒုတိယမြောက်ဖြစ်တဲ့ အီတလီနိုင်ငံအတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ နီးပါး နစ်နာကြောင်း သိရပါတယ်။
ဒီပိုးမွှားက ၂၀၁၃ ခုနှစ်ကတည်း စတင်ပြီး ကော်စတာရီကာ နိုင်ငံကနေ အီတလီနိုင်ငံကို ရောက်ခဲ့တာလို့ ယူဆနိုင်ကြောင်း အီတလီလယ်သမားများ သမဂ္ဂ ကော်ဒီ ရက်တီ က ပြောပါတယ်။ ဒီလအတွင်း သံလွင်ပင်ပေါင်း ၂၁ သန်းကို ကျရောက်ခဲ့ပြီး နိုင်ငံမြောက်ပိုင်းကို ပျံ့နှံ့ရာ ပိုးက တစ်မိုင်ကျော်အတွင်းရှိ အပင်တွေကို ကူးစက်ခဲ့ရာ တစပြင်လို ကျန်ခဲ့တာကို တွေ့ရပါတယ်လို့ ဆက်ပြောပါတယ်။
စပိန်နဲ့ ပြင်သစ်နိုင်ငံတွေက အပင်တွေကို ဒီပိုးမွှားရောက်ရှိခဲ့ပြီး အခုအခါမှာ အီရန်နိုင်ငံကို ပျံ့နှံ့နေပါတယ်။ ဂရိနဲ့ ပေါ်တူနိုင်ငံတွေ ဆီကိုလည်း ကူးစက်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းနေပါတယ်။
မြေထဲပင်လယ်ဒေသတစ်ခုလုံးကို ပျံ့နှံ့ခဲ့မယ်ဆိုရင် အဲဒီဒေသရဲ့ အဓိကစားသုံးဆီဖြစ်တဲ့ သံလွင်ဆီနဲ့ ဒေသရဲ့ စီးပွားရေးအပေါ်ကို အန္တရာယ်ဖြစ်နိုင်ကြောင်း ပညာရှင်တွေက ပြောပါတယ်။
MDN
ကိုးကား - AFP