အီတလီနိုင်ငံကိုလာရောက်လည်ပတ်မယ့် ခရီးသွားတွေအတွက် နယ်စပ်ဂိတ်တွေကို ဇွန်လဆန်းပိုင်းမှာ ပြန်လည်ဖွင့်လှစ်မယ်

၁၆ မေ

 

အီတလီနိုင်ငံကို လာရောက်လည်ပတ်မယ့်ခရီးသွားတွေ အားလုံးအတွက် ဇွန်လဆန်းပိုင်းမှာ နယ်စပ်ဂိတ်တွေကို  ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး သီတင်းနှစ်ပတ် သီးခြားခွဲပြီး စောင့်ကြည့်မှုကိုလည်း ပယ်ဖျက်သွားမယ်လို့ အစိုးရအဖွဲ့က ဒီနေ့(စနေနေ့)မှာ ပြောကြားလိုက်ပါတယ်။ 

 

ကပ်ရောဂါကြောင့် အီတလီနိုင်ငံမှာ လူပေါင်း ၃၁,၅၀၀ ဉီးကျော် လက်ရှိအချိန်အထိ သေဆုံးခဲ့ပြီး ကပ်ရောဂါကို ရင်ဆိုင်ရန် မတ်လဆန်းပိုင်းကနေ ပိတ်ပစ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်း ချိနဲ့မှုကနေ ရုန်းထရန် ဝန်ကြီးချုပ်ကွန်တေးက တွန်းအားပေးနေပါတယ်။ 

 

ခရီးသွားလုပ်ငန်းပေါ် အကြီးအကျယ်မှီခိုနေတဲ့ နိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေကို ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ရပ်ဆိုင်းထားခဲ့ရပါတယ်။ ဒါပေမယ့် အီတလီနိုင်ငံရဲ့ နယ်စပ်ဂိတ်ဟာ တရားဝင်ပိတ်ခြင်းမရှိဘဲ နိုင်ငံအတွင်းအပြင် ဆက်သွယ်တဲ့ လုပ်ငန်းတွေနဲ့ ကျန်းမာရေးလုပ်ငန်းတွေအတွက် နယ်စပ်ဂိတ်တွေက ပုံမှန်အတိုင်း ဖွင့်နေခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းအတွက်သာ သီတင်းနှစ်ပတ် သီးသန့်ခွဲခြား စောင့်ကြည့်မှုသာ ရှိခဲ့တာဖြစ်ပါတယ်။ 

 

လာမယ့် ဇွန် ၃ ရက်နေ့မှာတော့ နိုင်ငံကို လာရောက်မယ့် ခရီးသွားတိုင်းကို ဝင်ခွင့်ပေးသွားမှာဖြစ်ပြီး သီးသန့်ခွဲနေထိုင်ရန် မလိုအပ်ကြောင်း သိရပါတယ်။ 

 

အီတလီနိုင်ငံမှာ ရောဂါဖြစ်ပွားနှုန်း အမြင့်ဆုံး အခြေအနေကို မတ်လကုန်က ဖြတ်ကျော်ခဲ့ပြီးဖြစ်ပေမယ့် ပညာရှင်တွေက နောက်တစ်ကြိမ်ရောဂါပျံ့ပွားနိုင်ကြောင်း သတိပေးနေပါတယ်။ ဝန်ကြီးချုပ်ကလည်း အသွားအလာပိတ်ဆို့မှု ရုပ်သိမ်းရန် တုံ့ဆိုင်းနေပါတယ်။ အီတလီနိုင်ငံရဲ့တချို့ဒေသတွေရှိ စီးပွားရေးလုပ်ငန်းတွေကတော့ တားမြစ်ချက်တွေ မရုပ်သိမ်းခင်ကတည်း ပြန်ဖွင့်နေတာကို တွေ့ရပါတယ်။

 

တနင်္လာနေ့ကစပြီး စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ ဆံပင်အလှပြင်ဆိုင်တွေက မူလသတ်မှတ်ထားတဲ့ ရက်ထက် သီတင်းနှစ်ပတ်စောပြီး ပြန်ဖွင့်နေတာကိုတွေ့ရပါတယ်။ 


ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဗလီတွေဟာလည်း တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းနဲ့ ပြန်လည်ဖွင့်လှစ်တော့မှ ာဖြစ်ပါတယ်။ ဒါပေမယ့် လူစုလူဝေးတွေကိုတော့ ပိတ်ပင်ဆဲဖြစ်ပါတယ်။

 

MDN
ကိုးကား - AFP