၁၉ ဒီဇင်ဘာ

 

ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး အဆိုးဆုံးခံနေရတဲ့ နိုင်ငံတွေထဲမှာပါဝင်တဲ့ အီတလီနိုင်ငံမှာ ခရစ်စမတ်နဲ့ နှစ်သစ်ကူးနေ့တွေဟာ အသစ်ထုတ်ပြန်ထားတဲ့ ကန့်သတ်မှုအောက်မှာ ရှိနေကြောင်း ဝန်ကြီးချုပ်က  သောကြာနေ့ နှောင်းပိုင်းက ကြေညာလိုက်ပါတယ်။

 

အသစ်ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းမှာ ဆိုင်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေ ပိတ်ထားရန်ဖြစ်ပြီး တစ်နေရာမှတစ်နေရာ အသွားအလာပြုလုပ်ခြင်းကို ကန့်သတ်ထားပေမယ့် မိသားစုလိုက် တစ်နေ့တာ ခရီးသွားခြင်းကိုတော့ ခွင့်ပြုထားပါတယ်။

 

ဘာသာရေးဆိုင်ရာ အခမ်းအနားတွေကို ည ၁၀ နာရီအထိသာ ခွင့်ပြုကြောင်းသိရပါတယ်။

 

mdn

 

စားသောက်ရောင်းဆိုင်တွေ၊ ဆံပင်အလှပြင်ဆိုင်တွေ၊ ဆေးဆိုင်တွေ၊ ဆေးလိပ်ဆိုင်တွေ၊ အဝတ်လျှော်ဆိုင်တွေနဲ့ စာအုပ်ဆိုင်တွေကိုတော့ ဆက်လက်ဖွင့်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

 

အထက်ဖော်ပြပါ တားမြစ်ချက်တွေအား ဒီဇင်ဘာ ၂၈၊ ၂၉၊ ၃၀ နဲ့ ဇန်နဝါရီ ၄ ရက်နေ့တွေမှာ ဖြေလျော့ပေးထားတဲ့အနေနဲ့ ဆိုင်ဖွင့်ချိန်ကို ည ၉ နာရီအထိ ခွင့်ပြုပေးထားပြီး လူတွေကိုလည်း ခရီးသွားလာခွင့် လွတ်လွတ်လပ်လပ် လုပ်နိုင်ကြောင်း ပြောပါတယ်။

 

ကျွမ်းကျင်ပညာရှင်တွေက ခရစ္စမတ်ပွဲတော်ကာလအတွင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ များလာမှာ စိုးရိမ်တဲ့အတွက် အခုလို ထုတ်ပြန်ရတာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

လူဦးရေ သန်း ၆၀ နေထိုင်တဲ့ အီတလီနိုင်ငံဟာ ဉရောပမှာ သက်ကြီးလူဦးရေ အများဆုံးရှိရာ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ ၁,၉၂၁,၇၇၈ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၆၇,၈၉၄ ဦးရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

MDN

ကိုးကား - AFP