အီတလီနိုင်ငံမှာအသွားလာပိတ်ဆို့မှု ကို မေ  ၃ ရက်နေ့အထိ တိုးမြှင့်

၁၀ ဧပြီ

 

အီတလီနိုင်ငံမှာ အသွားအလာပိတ်ဆို့ပြီး lockdown ချထားတဲ့ အချိန်ကို တိုးမြှင့်လိုက်ကြောင်း ဝန်ကြီးချုပ် ကွန်တေးက ဒီနေ့(သောကြာနေ့) မှာ ကြေညာလိုက်ပါတယ်။

 

အီတလီနိုင်ငံမှာ ပြည်သူလူထုကို အိမ်အပြင် လမ်းလျှောက်ခွင့်နဲ့ ပန်းခြံတွေထဲမှာ သွားလာခွင့်တွေကို မေလ ၃ ရက်နေ့အထိ တိုးမြှင့်ပြီး တားမြစ်သွားမယ့်အကြောင်း ဒီကနေ့ သို့မဟုတ် မနက်ဖြန်စနေနေ့မှာ ထုတ်ပြန်ကြေညာမယ်လို့ အီတလီနိုင်ငံသတင်းစာတွေမှာ ရေးသားထားပါတယ်။

 

အခုဆုံးဖြတ်ချက်ဟာ ပညာရှင်တွေနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေးအပြီးမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူဟာ ၁၈,၂၇၉ ဦးအထိ ရောက်ခဲ့တဲ့အတွက် ကမ္ဘာမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံလို့ သိရပါတယ်။

 

ဒါပေမယ့် အီတလီနိုင်ငံမှာ ရောဂါကူးစက်နှုန်းဟာ သိသိသာသာ လျော့နည်းလာတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်တာ ကျဆင်းတော့မယ့် အစလားဆိုပြီး တွေးဆနေကြပါတယ်။

 

လက်ရှိ တားမြစ်ချက်  ကုန်ဆုံးမယ့် ဧပြီ ၁၃ ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်း အသေးစားတွေ၊ စာအုပ်ဆိုင်၊ စာရေးကိရိယာဆိုင်နဲ့ စိုက်ပျိုးရေးပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေကို ပြန်လည်လည်ပတ်ခွင့် ပေးမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအလုပ်တွေဟာ လူအများ ထိတွေ့ဆက်ဆံမှု နည်းတဲ့အလုပ်တွေလို့ အစိုးရနဲ့ ပညာရှင်တွေရဲ့ အမြင်မှာ ရှိနေပါတယ်။

 

mdn

 

ကပ်ရောဂါကြောင့် အီတလီ ဆောက်လုပ်ရေးလုပ်သား သိန်းချီတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ လုပ်သားတွေနဲ့ ဝန်ဆောင်မှု လုပ်သားတွေဟာ အလုပ်မှ ရပ်နားနေရကြောင်း သိရပါတယ်။ ဒါပေမယ့် အစိုရနဲ့ ပညာရှင်တွေက လူစုလူဝေး မလုပ်အောင် တားမြစ်ထားခြင်းဟာ ကြိုတင်ကာကွယ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

ကပ်ရောဂါ စတင်ပေါက်ကွဲချိန် မတ်လ ၁၂ ရက်နေ့ကတည်းက အီတလီနိုင်ငံမှာ ဟင်းသီးဟင်းရွက် ရောင်းတဲ့ဆိုင် နဲ့ ဆေးဆိုင်တွေကလွဲပြီး အားလုံးကို ပိတ်ထားခဲ့ပါတယ်။

 

MDN
ကိုးကား - AFP

mdn