အီတလီနိုင်ငံ၌ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် သုံးဦးသေဆုံး၊ သုံးဦးပျောက်ဆုံး

ဧပြီ ၁၀

အီတလီနိုင်ငံမြောက်ပိုင်းရှိ ဓါတ်အားပေးစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သုံးဦးသေဆုံးပြီး အခြားသုံးဦး ပေါက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းအစိုးရအဖွဲ့က ယမန်နေ့ကပြောကြားသည်။ အဆိုပါဖြစ်ရပ်သည်  Bologna မြို့တောင်ဘက် Suviana ရေလှောင်ကန်ရှိ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အန်ဆာသတင်းအေဂျင်စီက ဖော်ပြထားသည်။ ပျောက်ဆုံးနေသူများအား လတ်တလောတွင် ရှာဖွေရေးနှင့်ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ ထို့ပြင် ဆယ်ဦးထက်မနည်းဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရရှိသူများအနက် လေးဦး၏အခြေအနေမှာစိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ဖော်ပြထားသည်။ ဓါတ်အားပေးစက်ရုံ၏ ၃၀ မီတာနီးပါး အနက်ရှိ မြေအောက်ကြမ်းခင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းတွင် ခန့်မှန်းဖော်ပြထားသည်။ ထိုပေါက်ကွဲမှုဖြစ်ပွားချိန်က တာဘိုင်များကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းလုပ်ဆောင်နေသည်ဟု ယူဆရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို