၂၂ အောက်တိုဘာ
အီတလီနိုင်ငံရဲ့ မြို့တော် ရောမ အပါအဝင် လာဇီယို ဒေသမှာ ဗုဒ္ဓဟူးနေ့ကစပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ခြင်းခံရတဲ့ တတိယမြောက် ဒေသဖြစ်ပါတယ်။
ညမထွက်ရ အမိန့်ကို ဗုဒ္ဓဟူးနေ့ ညပိုင်းက ကျန်းမာရေးဝန်ကြီးနဲ့ လာဇီယိုပြည်နယ် အုပ်ချုပ်ရေးမှူး တို့က လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တာဖြစ်ပြီး လာမယ့် သောကြာနေ့ကစပြီး ရက် ၃၀ ကြာမှာဖြစ်ကြောင်း သိရပါတယ်။ လာမယ့် သောကြနေ့ကစပြီး ည ၁၁ နာရီ မှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
၂၄ နာရီအတွင်း ဗုဒ္ဓဟူးနေ့မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၅,၁၉၉ ဦး ရှိတဲ့အတွက် ပိုးတွေ့သူ အများဆုံးနေ့ ဖြစ်လာကြောင်း သိရပါတယ်။
နိုင်ငံရဲ့ ဘဏ္ဍာရေး မြို့ဖြစ်တဲ့ မီလန်မြို့ အပါအဝင် မြောက်ပိုင်း ဒေသဖြစ်တဲ့ လွန်ဘာဒီ နဲ့ တောင်ပိုင်း ဒေသဖြစ်တဲ့ ကမ်ပါနီယား ဒေသတွေကို ညမထွက်ရ အမိန့်ကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်ဟာ ဒီသီတင်းပတ်ရဲ့ ရုံးပိတ်ရက်မှာ စတင်မယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် ကွန်တီက ပြီးခဲ့တဲ့ မတ်လ ကလို နိုင်ငံတစ်ခုလုံးကို အသွားအလာ ပိတ်ဆို့မှု lockdown နှစ်လ ပြဋ္ဌာန်းသလိုမျိုး မလုပ်ဆောင်ချင်တဲ့အတွက် တားမြစ်မှုကို တစ်ခုချင်း လုပ်ဆောင် သွားတာဖြစ်ကြောင်း ပြောကြားပါတယ်။
နိုင်ငံတစ်ဝန်းမှာ အပျော်တမ်း အားကစားပွဲတွေနဲ့ ကျောင်းတွေရဲ့ လေ့လာရေး ခရီးတွေကို တားမြစ်ထားပြီး ဘားနဲ့စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားခွင့်ကို ညနေ ၆ နာရီနောက်ပိုင်း တားမြစ်ထားကြောင်း သိရပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် အီတလီနိုင်ငံမှာ သေဆုံးသူ ၃၇,၀၀၀ နီးပါး ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
