ရောမ ၂၂ မေ

 

ကမ္ဘာတစ်ဝန်း COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်းမှု ယာယီရပ်ဆိုင်းထားစဉ် အီတလီနိုင်ငံ၊ Civitavecchia နှင့် Genoa ဆိပ်ကမ်းရှိ MSC Grandiosa နှင့် MSC Splendida ကမ္ဘာလှည့် သင်္ဘောများပေါ်တွင် အခက်အခဲဖြစ်နေသော မြန်မာသင်္ဘောသား ၂၅ ဦးသည် ယမန်နေ့က ဒေသစံတော်ချိန် ၉ နာရီ မိနစ် ၅၀ တွင် Alitalia လေကြောင်းအမှတ် AZ 318 ဖြင့် Fiumicino အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ရာ လေဆိပ်၌ အဆင်ပြေချောမွေ့စေရန် အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက လေဆိပ်သို့ လိုက်ပါ ပို့ဆောင်သည်။

 

အလားတူ မြန်မာသံရုံး၊ ရောမမြို့အနေဖြင့် အီတလီနိုင်ငံတွင် အခက်အခဲဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများကို ပြန်လည်ပို့ဆောင်နိုင်ရန် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။

 

MDN

ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန