အီတလီရဲတပ်ဖွဲ့က လက်ယာစွန်းရောက် အုပ်စုများကို ဝင်ရောက်စီးနင်းရာမှ ဝေဟင်ပစ် ဒုံးပျံများ ဖမ်းဆီးရမိ

၁၆ ဇူလိုင်

အီတလီ ရဲတပ်ဖွဲ့သည့် ပြီးခဲ့သည့် တနင်္လာနေ့က လက်ယာစွန်းရောက် အကြမ်းဖက်အုပ်စုများကို ဝင်ရောက်စီးနင်း တိုက်ခိုက်ရာတွင်  ဝေဟင်မှ ဝေဟင်ပစ် Mantra Super 530 F ဒုံးပျံများ၊ စက်သေနတ်များနှင့် ဒုံးပစ်လောင်ချာများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
 
စစ်ဆင်ရေးဆောင်ရွက်ခဲ့စဉ်အတွင်း ဖမ်းဆီးရမိသည့် ဝေဟင်ပစ် ဒုံးပျံများသည် ကာတာစစ်တပ်တွင် အသုံးပြုနေသည့် မတ်ထရာ ဒုံးပျံများဖြစ်ကြောင်း၊ အလေးချိန် ပေါင် ၅၄၀ ရှိပြီး ဒုံးပျံအလုပ်လုပ်နိုင်ရန် အစိတ်အပိုင်းများ ပြည့်စုံစွာ ပါရှိကြောင်း သိရသည်။

စစ်ဆင်ရေး ဆောင်ရွက်ပြီး ဒုံးပျံများ ဖမ်းဆီးရမိသည့် အိမ်မှ နာဇီဝါဒကို ယိမ်းတဲ့ Forza Nuova ပါတီ ကိုယ်စားလှယ်ဟောင်း အသက် ၅၀ အရွယ် ဖာဘီယို ဒဲလ် ဘာဂျီအိုလို အပါအဝင် အသက် ၄၂ နှစ်အရွယ် ဆွစ်ဇာလန် လူမျိုးတစ်ဦးနှင့် အသက် ၅၁ နှစ်အရွယ် အီတလီ လူမျိုး တစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

 

mdn

 

“ ဒီလို ဖမ်းဆီးရမိတာဟာ အီတလီမှာ ရှားရှားပါးပါး ဖြစ်ရပ်မျိုး ဖြစ်တယ်” ဟု တူရကီ ရဲတပ်ဖွဲ့ ကော်မရှင်နာ ဂပ်စပ်ပီ ဒဲ မတ်တီးစ် ကပြောသည်။ ဖမ်းဆီးရမိသည့် ပြင်သစ်နိုင်ငံလုပ် ဒုံးပျံများသည် အရှည် ၁၁ ပေကျော်ပြီး ဖာဘီယို ဒဲလ် ဘာဂျီအိုက ဒေါ်လာ ၅၂၉၀ဝ၀ ဖြင့် ရောင်းချလိမ့်မည်ဟု ယူဆရကြောင်း အီတလီ သတင်းမီဒီယာများ၏ ဖော်ပြချက်တွင် တွေ့ရသည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဒုံးပျံများတွင် ပေါက်ကွဲနိုင်သည့် အစိတ်အပိုင်း မပါသော်လည်း ကျွမ်းကျင်သူများ အကူအညီဖြင့် ပြန်လည် ပြုပြင်တပ်ဆင်နိုင်ကြောင်းသိရသည်။ အခုချိန်ထိတော့ ဒါတွေကို ဘယ်နေရာမှာ အသုံးပြုမယ်ဆိုတဲ့ သံသယရှိစရာ မတွေ့ရသေးကြောင်း တန်ပြန်အကြမ်းဖက် နှိမ်နှင်းရေး အရာရှိ ကပြောသည်။

ဖမ်းဆီးရမိသည့် Mantra Super 530 F ဒုံးပျံသည်  ၁၉၈၀ ခုနှစ်က စတင် အသုံးပြုခဲ့သည့် R 530 ဒုံးပျံကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး အကွာအဝေး ၁၅ မိုင်ထိ ပစ်ခတ်နိုင်ကြောင်း သိရသည်။ အဆိုပါ ဒုံးပျံကို ကျွမ်းကျင်သူမပါဘဲ မြေပြင်မှ ပစ်ခတ်ရန် အလွန်အန္တရာယ်များကြောင်း အမည်မဖော်လိုသည့် ကျွမ်းကျင်သူတစ်ဦးက AFP ကိုပြောသည်။

 

mdn

 

အီတလီနိုင်ငံအစွန်းရောက်များက ယူကရိန်းနိုင်ငံရှိ ရုရှားလိုလားသူ သူပုန်များနှင့် အချိတ်အဆက်ရှိသည် ဟူသော သတင်းကြောင့် ယခုလို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့၏ ထောက်လှမ်းမှုများအရ ဖာဘီယို ဒဲလ် ဘာဂျီအိုလို သည် ဒုံးပျံများကို ရောင်းချရန် Whatsapp အက်ပလီကေးရှင်းမှ တစ်ဆင့် ဓာတ်ပုံများ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။

ဝင်ရောက်စီးနင်းရှာဖွေမှု မလုပ်ခင် ၎င်းကို စောင့်ကြည့်နေခဲ့ကြပြီး စီးနင်းရှာဖွေမှု ပြုလုပ်ပြီးနောက်ပိုင်း Forza Nuova ပါတီ က ဖာဘီယို ဒဲလ် ဘာဂျီအိုလိုနှင့် ပတ်သတ်မှုမရှိကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။

အီတလီ ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက လက်ယာစွန်းရောက် အဖွဲ့များကို ပစ်မှတ်ထားပြီး စီးနင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဖက်ဆစ်ဝါဒ လှုံ့ဆော်မှုနှင့် တရားမဝင် လက်နက်လက်ဝယ်မှုဖြင့် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

SMZaw(MDN)
Source> AFP

 

mdn