အီတလီတောင်ပိုင်း၌ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားရာ ကမ္ဘာလှည့်ခရီးသွားတစ်ဦး သေဆုံး 

၄ ဇူလိုင်

 

အီတလီနိုင်ငံတောင်ပိုင်းတွင် ကျွန်းငယ်လေးတစ်ခုတွင်  မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။  

 

စစ္စလီကျွန်းကမ်းလွန်ရှိ Stromboli မီးတောင်တွင် အကြီးစားမီးတောင်ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ 

 

၉ငသူ

 

ပတ်ဝန်းကျင်ဒေသများသို့   မီးတောင်၏ ပြာမှုန်များက  မီတာ ၂၀ဝ၀အထိ လေထဲတွင် ပျံ့နှံ့ခဲ့ကြောင်း ဒေသခံ မီးတောင်စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။ 

 

ကမ္ဘာလှည့် ခရီးသည်အချို့သည် ဘေးကင်းရန်အတွက် ပင်လယ်ထဲသို့ ပြေးဆင်းခဲ့ကြပြီး ကမ္ဘာလှည့်ခရီးသည် တစ်ဦးမှာ သေဆုံးခဲ့ပြီး အခြားသူများမှာ ဒဏ်ရာရရှိခဲ့ကြောင်း အီတလီမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ 

 

မီးတောင်မှ ထွက်ရှိလာသည့် ချော်ရည်ပူများကို မီးသတ်သမားများက ငြှိမ်းသတ်ခဲ့ကြသည်ဟု ဆိုသည်။

 

ကမ္ဘာလှည့်ခရီးသည်များနှင့် ဒေသခံများ ကယ်ဆယ်ရေးအတွက် ကျွန်းပေါ်သို့ သင်္ဘောများ စေလွှတ်ခဲ့ကြောင်း အီတလီအာဏာပိုင်များက ပြောကြားသည်။ 

 

ယခုမီးတောင်ပေါက်ကွဲမှုသည် ၁၉၈၅ခုနှစ်တွင် မီးတောင်ကို စတင်စောင့်ကြည့်လာသည့်နောက်ပိုင်း အကြီးဆုံးပေါက်ကွဲမှုဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းက ပြောကြားခဲ့သည်။

 

အဆိုပါ ကျွန်း၏ မီးတောင်မှထွက်ရှိသော ကတ္တပါရောင် ချော်ရည်များကြောင့် ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင်ခဲ့သည်။ 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်