၁၂ ဩဂုတ်

 

 

အီတလီနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၄၁၂ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

 

ဩဂုတ် ၁၀ ရက်နေ့က ရောဂါထပ်မံကူးစက်ခံရသူ ၂၅၉ ဦး ရှိသည်။

 

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ခြောက်ဦး ရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

အီတလီနိုင်ငံတွင် ယခုအချိန်ထိ ကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၃၅၂၁၅ ဦး ရှိသည်။

 

 

ကူးစက်ခံရသူ ဦးရေမှာ တစ်နေ့လျှင် ၁၉၃ ဦး အထက်ဖြင့် ယခုလက်ရှိတွင် ရောဂါကူးစက်ခံရသူ ၁၃၅၆၁ ဦး ရှိသည်။

 

 

၎င်းတို့အနက် ၁၂၇၁၁ ဦးမှာ နေအိမ်တွင် သီးခြားခွဲ၍ နေထိုင်ပြီး ၄၉ ဦးမှာ အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေကြောင်းနှင့် ၈၀၁ ဦးမှာ အခြားဆေးရုံတွင် ကုသမှုခံယူနေကြောင်း ဖော်ပြထားသည်။

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၂၀၂၄၆၁ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

 

ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူ၊ ပြန်လည် ကျန်းမာလာသူနှင့် ယခုအချိန်ထိ ကူးစက်ခံရသူများ အပါအဝင် ကူးစက်ခံရသူ စုစုပေါင်း ၂၅၁၂၃၇ ဦး ရှိသည်ဟု အတည်ပြု ဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို