ပုသိမ် ၆ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင် နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပလျက်ရှိသည့် ကလေးစာပေပွဲတော်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ပွဲတော်လာ ပရိသတ်များ၏ မိုဘိုင်းဖုန်းများအား မြန်မာယူနီကုဒ်စနစ် ပြောင်းလဲပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာယူနီကုဒ်စနစ် ပြောင်းလဲပေးခြင်းအပြင် MPT 4G Simcard များအား လဲလှယ်ပေးခြင်းကိုလည်း အခမဲ့ ဝန်ဆောင်မှုပေးသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ မန်နေဂျာဒေါ်ဆွေမာ ဦးဆောင်၍ ဝန်ထမ်း(၂၀)ဦးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာယူနီကုဒ်စနစ် လာရောက်ပြောင်းလဲဆောင်ရွက်သူ (၁၀၀)ဦးခန့်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ပေးရသည့်အတွက် အထူးပင်ဝမ်းသာပီတိဖြစ်ရကြောင်း တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ မန်နေဂျာဒေါ်ဆွေမာထံက သိရှိရသည်။
တိုးဝေဇင်(တိုင်းပြန်/ဆက်)


