အိမ်မဲ၊ ၂၁  ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲ မြို့နယ် Covid-19 ယာယီဆေးရုံတွင် ပိုးတွေ့ရှိ၍ တက်ရောက်ကုသနေသောလူနာ(၂)ဦးမှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ရောဂါများ သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိခဲ့သည်။

 

"ယာယီဆေးရုံမှာ တက်ရောက်ကုသနေတဲ့ လူနာနှစ်ဦးဟာ ဒီကနေ့မှာ ရောဂါ သက်သာတဲ့ အတွက် ယာယီဆေးရုံကနေ ဆင်းခွင့်ရရှိတာပါ။ သူတို့ကိုနေအိမ်နေမှာ (၇)ရက် အသွားအလာ ကန့်သတ်နေထိုင်သွားဖို့ကို မှာကြားခဲ့ပြီး နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးခဲ့တာဖြစ်ပါတယ်" ဟု အိမ်မဲမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးနေဝင်းအောင်က ပြောပြသည်။

 

အိမ်မဲမြို့နယ်တွင် Covid-19 ပိုးတွေ့ရှိသူ ယနေ့အထိ(၄၈)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ(၄၈)ဦးနှင့် ဆေးရုံတက်ရောက်ကုသနေသူမရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)