အိမ်မဲ ၄ ဇူလိုင် 

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အိမ်မဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင်စိတ်ကြိုက်ပုံပြောပြိုင်ပွဲကို ဇူလိုင်လ ၃ ရက် မွန်းလွဲ ၂ နာရီ က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

oihdsf

 

အဆိုပါပြိုင်ပွဲတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင် က ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စာပေဖတ်ရှုမှုတိုးတက်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး စိတ်ကြိုက်ပုံပြောပြိုင်ပွဲကျင်းပရာ ကျောင်းသား ကျောင်းသူ ၁၀ ဦးက ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)