အိမ်မဲ ၁၂ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ လယ်ပေါ်ရပ်ကွက်ရှိ နိဗ္ဗာန်ဈေးပွဲကို ယနေ့ ညနေ ၃ နာရီခွဲက ပြုလုပ်ခဲ့ပြီး လှူဒါန်းသူများ၊ လာရောက်စားသုံးသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
နိဗ္ဗာန်ဈေးပွဲတွင် အလှူရှင် ၉ဝ ကျော်က မုန့်လိပ်ပြာ၊ မုန့်ဗိုင်းတောင့်၊ ထန်းသီးမုန့်၊ မုန့်ကျွဲသဲ၊ ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ မုန့်လက်ဆောင်း၊ အကြော်မျိုးစုံ၊ ကြာဆံကြော်၊ ကျောက်ကျော၊ ရေခဲမုန့်၊ ကြက်သားပလာတာ၊ အချိုရည်မျိုးစုံ စသည့် မြန်မာမုန့်များဖြင့် ကျွေးမွေးခဲ့ရာ တပျော်တပါး လာရောက်စားသုံးသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)


