အိမ်မဲ ၂၅ မတ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ မြို့မဈေးကြီးအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို မတ်လ ၂၄ ရက် ညနေ ၅ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက မြို့မဈေးကြီးအတွင်း အသား၊ ငါးရောင်းချနေသော နေရာများကို ရေဆေးသန့်စင်ပြီး ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ကြောင်းနှင့် အိမ်မဲမြို့မဈေးကြီးအတွင်း ဆိုင်ခန်းပေါင်း ၇၀ဝ ကျော်ရှိပြီး ကျန်ရှိနေသော ဆိုင်ခန်းများကို ညတွင်းချင်း ပိုးသတ်ဆေးများ ဆက်လက်ဖျန်းပေးမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


