အိမ်မဲ ၂၄ မတ်

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ မြို့မဈေးကြီးအတွင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို မတ် ၂၄ ရက် ညနေ ၅ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက မြို့မဈေးကြီးအတွင်း အသား၊ ငါး​ ရောင်းချ​နေ​သော​နေရာများကို ရေဆေးသန့်စင်ပြီးနောက် ပိုးသတ်ဆေးများကို ဖျန်းပေးခဲ့ကြောင်းနှင့် အိမ်မဲမြို့မဈေးကြီးအတွင်း ဆိုင်ခန်းပေါင်း ၇၀၀ ကျော်ရှိပြီး ကျန်ရှိနေသော ဆိုင်ခန်းများကို ညတွင်းချင်း ပိုးသတ်ဆေးများ ဖျန်းပေးမည်ဖြစ်ကြောင်း သိရသည်။

 

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)